လားရှိုး   ဇန်နဝါရီ  

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက် (၁၂) အေတီတံတားအနီး၌ Welcome to LASHIO ဆိုင်းဘုတ်ကို ဇန်နဝါရီ ၃ ရက်က လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနက ဆောင်ရွက်ပြီးစီး ခဲ့ကြောင်း သိရှိရသည်။

 

ရှမ်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ် ၄၇၈၆၀၀၀ ဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၂ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် ပြီးစီးခဲ့ပြီဖြစ်သည်။ အဆိုပါ Welcome to LASHIO ဆိုင်းဘုတ်နေရာ၌ ရှုခင်းလာရောက် ကြည့်ရှုသူများ၊ ဓာတ်ပုံရိုက်သူများဖြင့် စည်ကားလျက်ရှိသည်။

 

လားရှိုးမြို့၌ We Love LASHIO ဆိုင်းဘုတ်ကို ရန်တိုင်းအောင်ဘုရားအနီးရှိ လားရှိုး - သိန္နီမြို့တွင်း လမ်းမကြီးဘေး၌ ပထမဦးဆုံး တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ယခု အလျား ၃၄ ပေ၊ အနံ ၁၄ ပေရှိ Welcome to LASHIO ဆိုင်းဘုတ်ကို ဒုတိယတစ်ခုအဖြစ် ထပ်မံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်ဇင်၏ ပြောပြချက်အရ သိရှိရသည်။

 

ဟန်ဌေး