ဝေါလေမြိုင် ၁၄ စက်တင်ဘာ
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ မြို့တွင်းလမ်းများအဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြို့လယ်အဝိုင်းပတ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။
အဆိုပါမြို့လယ်အဝိုင်းပတ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ထောက်ပံ့ရန်ပုံငွေကျပ် (၁၄၇)သိန်းဖြင့် မြို့စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်သော ကွန်ကရစ်လမ်းအရှည် ၃၄၅ ပေ၊ လမ်းအကျယ် ၂၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းကို စက်တင်ဘာလ ၃ ရက်နေ့တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ဝေါလေမြိုင်မြို့စည်ပင်သာယာရေးအဖွဲ့၊ ဒုတိယဦးစီးမှူး ဦးစောဝမ်းကိုကိုထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)


