ဝေါ ၁၁ ဩဂုတ်
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် သူရဲသမိန်ကျေးရွာ မီးလင်းရေးအတွက် မြို့နယ်မီးလင်းရေး ကြီးကြပ်မှုကော်မတီအစည်းအဝေးကို ဩဂုတ် ၁၀ ရက် ညနေပိုင်းက မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
သူရဲသမိန်ကျေးရွာ မီးလင်းရေးအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရီရီထိုက်၊ ဝေါမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင် ၊မြို့နယ်လျှပ်စစ်ဦးစီးမှူး ဦးသက်နိုင်ဦး၊ မြို့နယ်မီးလင်းရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ သူရဲသမိန်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာမီးလင်းရေး ကော်မတီအဖွဲ့၊ ကျေးရွာ ရပ်မိ/ရပ်ဖများ တက်ရောက်ပြီး မီးလင်းရေးလုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း(ပြန်/ဆက်)