ဝေါ ဖေဖော်ဝါရီ ၂၆

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက ဝေါမြို့ ဘူတာလမ်းဆုံနှင့် မြို့မစျေးအရှေ့တို့တွင် ဒေသခံခရီးသွားပြည်သူများ လက်ဝယ်အရောက် အသိပညာပေး ဖြန့်ဝေပေးခဲ့သည်။

 

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာသတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်။

 

အောင်မြတ်လင်း(ပြန်/ဆက်)