ဝေါ ၄ ဇွန်

ဝေါမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လဲပြို၊ အမိုးလန် နေအိမ်များနှင့် လေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၃ ရက် မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင်  ကျင်းပပြုလုပ်သည်။
         

အဆိုပါ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချမ်းငြိမ်းသူနှင့် ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ဝေါမြို့နယ်အတွင်း တိုက်ခတ်ခဲ့သော လေပြင်းဒဏ်ကြောင့် လဲပြိုနှင့် အမိုးလန် နေအိမ်များအတွက်  ထောက်ပံ့ငွေနှင့် ပစ္စည်းများကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လေဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။     


မေလ(၂၀)ရက်နေ့က ဝေါမြို့နယ်အတွင်း လေးပြင်းတိုက်ခတ်ခဲ့သဖြင့် ရပ်ကွက်(၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃)စုတို့တွင် ပြိုလဲနေအိမ်(၃၅)လုံး၊ အမိုးလန်နေအိမ်(၈၃)လုံး ပျက်စီးသွားကြောင်း သိရသည်။ 


အဆိုပါ ပြိုလဲနေအိမ်နှင့် အမိုးလန်နေအိမ်များအတွက် ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၆၁၇၂၅၀ဝ၊  ပြိုလဲအိမ်ထောင်စု(၃၅)စုရှိ လူဦးရေ ၁၅၀ တို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ ငွေကျပ် ၃၁၅၀ဝဝ၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် (၆၄၈၇၅၀ဝ)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ပလတ်စတစ်ပုံး ၃၅ ပုံးကို ထာက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


တင်စိုး(ပဲခူး)