ဝေါ ၂၀ ဩဂုတ်
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ယနေ့နံနက် ၁၁ နာရီက နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်း လုပ်ငန်းစီမံချက် ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြည်တွင်း အခွန်များဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သက်သက်မွန်က ပြည်တွင်း၌ ရောက်ရှိ နေသော နိုင်ငံခြားအရက်အမျိုးမျိုးတရားမ၀င် တင်သွင်းရောင်းချခြင်းတို့အပေါ် မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များမှ ကြေညာလွှာတင်သွင်းခြင်း၊ အခွန်ပေးဆောင်ခြင်းတို့ကို သိရှိလိုက်နာဆောင်ရွက်စေရေးအတွက် အသိပေး ဆွေးနွေးခြင်း၊ နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးတို့နှင့်စပ်လျဉ်း၍ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် အသိပေးကြေညာ ချက် လက်ကမ်းစာစောင်များ၊ ကပ်နှိပ်သည့်အခွန်အမှတ်တံဆိပ်နမူနာပုံစံများ၊ အခွန်အမှတ်တံဆိပ်ကပ် နှိပ်ပေးရန် ကြေညာလွှာပုံစံများကို အခွန်ထမ်းပြည်သူများထံ ဖြန့်ဝေပေးခြင်း၊ တက်ရောက်လာသည့် အခွန်ထမ်းများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
ကြေညာလွှာတင်သွင်းရက်မှာ ဩဂုတ် ၂၈ ရက် နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းစီမံ ချက်အား One Stop Service(OSS)စနစ်ဖြင့် စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်မြတ်လင်း(ပြန်/ဆက်)