မန္တလေး   ၂၀   မေ  

 

ကမ္ဘာ့ပထမဦးဆုံး ဝေရောစန ကျောက်စိမ်းစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့မှကြီးမှူး၍ ကျောက်စိမ်း ဝန်ထမ်းများ၏ ဒုတိယအကြိမ် မဟာပဌာန်းပါဠိတော် ပစ္စယုဒ္ဒေသနှင့် ပစ္စယနိဒ္ဒေသ ဝတ်ရွတ်စဉ် တစ်ဦးချင်း အာဂုံရွတ်ဆိုပြိုင်ပွဲကို မေ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ အဆိုပါ ကျောက်စိမ်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

 

အဆိုပါပြိုင်ပွဲသို့ ကြွရောက်ကြီးကြပ်တော်မူကြသည့် အမရပူရမြို့နယ် ဆင်ဖြူမယ်ကျောင်းတိုက် စာချဆရာတော် ဘဒ္ဒန္တ သောဘဏ အမှူးပြု ဆရာတော်များမှ သြဝါဒကထာ မြွက်ကြား၍ စိစစ်ရွေးချယ်ပေးတော်မူကြရာ ကျောက်စိမ်းစေတီတော်မှ အမျိုးသမီး ဝန်ထမ်း ၃၁ ဦးတို့က အစီအစဉ်အတိုင်း တစ်ဦးချင်း အလှည့်ကျ အာဂုံဆောင် ဝတ်ရွတ်ဆိုယှဉ်ပြိုင်ခဲ့ကြပြီး ဆုချီးမြင့်ပွဲကို ယမန်နေ့ ညပိုင်းက ဆက်လက်ကျင်းပရာ နှစ်သိမ့်ဆုရ သုံးဦး၊ စတုတ္ထဆုရ ဒေါ်ကေသီဆင့်၊ ဒုတိယဆုရ ဒေါ်တူးနှင့် ပထမဆုရ ဒေါ်မာမာတို့ကို ထူးချွန် ရွေးချယ်ခဲ့ကြကြောင်းနှင့် ဆုရဝန်ထမ်းများအား ကျောက်စိမ်းစေတီတော် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဦးနှင့် တာဝန်ရှသူတို့က ငွေသားဆုများ အသီးသီး ပေးအပ်ချီးမြင့်ကြကြောင်း သိရသည်။

 

တင်မောင်မန်းကိုယ်ပွား