ဆဒုံး  ၈ စက်တင်ဘာ 

 

ကချင်ပြည်နယ် ဆဒုံးမြို့နယ်၊ ဝိုင်းမော်- ဆဒုံး -ကန်ပိုက်တီ ကားလမ်းမပေါ်ရှိ မိုင်တိုင်အမှတ် ၃၅   တွင် စက်တင်ဘာ ၇ ရက် ည ၁၀ နာရီခန့်က ကမ်းပါးပြိုကျသဖြင့် ဝိုင်းမော်- ဆဒုံး -ကန်ပိုက်တီကားလမ်း ခေတ္တပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။

 

ထိုသို့ ကမ်းပါးပြိုကျမှုကြောင့် ကားလမ်းမပေါ်တွင် အလျားပေ ၅၀ ၊ အနံပေ ၃၀၊ အမြင့် ၅ ပေခန့် ရှိ မြေသားများ ပိတ်ဆို့လျက်ရှိနေသဖြင့် ယင်းလမ်းပိတ်ဆို့သွားသည့်နေရာအား သက်ဆိုင်ရာတာဝန်ရှိသူများမှ  ရှင်းလင်း‌ပေးနိုင်ရေး စီစဥ်ဆောင်ရွက်လျှက်ရှိကြောင်းနှင့် ‌လတ်တလောတွင် ခရီးသွားယာဥ်နှင့် ကုန်တင်ယာဥ်များက ကမ်းပါးပြိုကျသည့်နေရာတွင် တန်းစီစောင့်ဆိုင်းလျှက်ရှိကြောင်း သိရှိရသည်။

 

ကျော်နိုင်ဌေး (ပြန်/ဆက်)