ဝိုင်းမော်           နိုဝင်ဘာ ၁၂

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာရှိ တိုက်ပွဲရှောင်စခန်းနေပြည်သူများ သောက် သုံးရေပြတ်လပ်မှုဖြစ်ပေါ်နေသောကြောင့် ဝိုင်းမော်မြို့နယ်မီးသတ်ဉီးစီးဌာနမှ ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများကို နိုဝင်ဘာ ၁၂ ရက် နံနက် နာရီအချိန်က သွားရောက်လှူဒါန်းခဲ့ကြောင်း မြို့နယ်မီးသတ်ဉီး စီးဌာနမှ သိရသည်။

အဆိုပါသောက်သုံးရေများ သွားရောက်လှူဒါန်းရာတွင် မြို့နယ်မီးသတ်ဉီးစီးဌာနမှ ဉီးမျိုးဇော်သန်း ဉီးစီး၍ တပ်ဖွဲ့ဝင် ()ဉီးက ရေဂါလံ (၈၀၀)ဆံ့ ယာဉ် ()စီးဖြင့် တိုက်ပွဲရှောင်စခန်းနေ ပြည်သူများ သောက်သုံးရေးရရှိရန် ၎င်းတို့အသုံးပြုသည့် သောက်သုံးရေကန်တွင် ရေဖြည့်တင်းပေး ခြင်း၊ ရေအိုး၊ ရေပုံးများတွင် ရေဖြည့်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မဒိန်ကျေးရွာတိုက်ပွဲရှောင်စခန်းတွင် အိမ်ထောင်စု ( ၃၅ )စုနှင့် လူဉီးရေ (၂၃၀ ) ဉီး နေထိုင်ပြီး အလားတူ သောက်သုံးရေလိုအပ်လာလျှင် အသင်းအဖွဲ့များ၊  အစုအဖွဲ့များ၊ ရပ်ကွက်နှင့် ကျေးရွာများကလည်း မြို့နယ်မီးသတ်ဉီးစီးဌာနသို့ ဆက်သွယ်အကူညီတောင်းခံနိုင်ကြောင်း သိရှိ ရသည်။

ဝိုင်းမော်(ပြန်/ဆက်)