ဝိုင်းမော် နိုဝင်ဘာ ၁၂
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာရှိ တိုက်ပွဲရှောင်စခန်းနေပြည်သူများ သောက် သုံးရေပြတ်လပ်မှုဖြစ်ပေါ်နေသောကြောင့် ဝိုင်းမော်မြို့နယ်မီးသတ်ဉီးစီးဌာနမှ ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများကို နိုဝင်ဘာ ၁၂ ရက် နံနက် ၈ နာရီအချိန်က သွားရောက်လှူဒါန်းခဲ့ကြောင်း မြို့နယ်မီးသတ်ဉီး စီးဌာနမှ သိရသည်။
အဆိုပါသောက်သုံးရေများ သွားရောက်လှူဒါန်းရာတွင် မြို့နယ်မီးသတ်ဉီးစီးဌာနမှ ဉီးမျိုးဇော်သန်း ဉီးစီး၍ တပ်ဖွဲ့ဝင် (၄)ဉီးက ရေဂါလံ (၈၀၀)ဆံ့ ယာဉ် (၁)စီးဖြင့် တိုက်ပွဲရှောင်စခန်းနေ ပြည်သူများ သောက်သုံးရေးရရှိရန် ၎င်းတို့အသုံးပြုသည့် သောက်သုံးရေကန်တွင် ရေဖြည့်တင်းပေး ခြင်း၊ ရေအိုး၊ ရေပုံးများတွင် ရေဖြည့်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မဒိန်ကျေးရွာတိုက်ပွဲရှောင်စခန်းတွင် အိမ်ထောင်စု ( ၃၅ )စုနှင့် လူဉီးရေ (၂၃၀ ) ဉီး နေထိုင်ပြီး အလားတူ သောက်သုံးရေလိုအပ်လာလျှင် အသင်းအဖွဲ့များ၊ အစုအဖွဲ့များ၊ ရပ်ကွက်နှင့် ကျေးရွာများကလည်း မြို့နယ်မီးသတ်ဉီးစီးဌာနသို့ ဆက်သွယ်အကူညီတောင်းခံနိုင်ကြောင်း သိရှိ ရသည်။
ဝိုင်းမော်(ပြန်/ဆက်)


