နေပြည်တော်  ဒီဇင်ဘာ  ၁၈

 

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့ နယ်   ရွှေညောင်ပင်အနီးရှိ    ဝါဆာဒီရွာသစ်တွင် ဒီဇင်ဘာ ၁၇ ရက်က တပ်မတော်မှ Mi-35 ရဟတ်ယာဉ်တစ်စင်း ပျက်ကျသွားကြောင်းဒေသခံများထံမှ  သိရသည်ဟု ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့်Ayeyar-waddy Times မှ မဟုတ်မမှန် ကောလာဟလ သတင်းများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

 

အဆိုပါသတင်းနှင့်ပတ်သက်၍   သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦး၏ ဖြေကြားချက်အရ Mi-35 ရဟတ်ယာဉ်ပျက်ကျသည် ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိဘဲ သတင်းတု၊ သတင်းမှားသာ ဖြစ်ကြောင်းနှင့် တပ်မတော် (လေ) မှ လေယာဉ်၊ ရဟတ်ယာဉ်များသည် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးများတွင် မြေပြင်တပ်မတော်စစ်ကြောင်းများနှင့်အတူ ဟန်ချက်ညီညီဖြင့် စစ်ဆင်ရေး တာဝန်များ ထမ်းဆောင်လျက်ရှိကြောင်း သိရှိရသည်။

 

တရားမဝင်  ပြည်ဖျက်မီဒီယာများအနေဖြင့် ပြည်သူလူထုမှ တပ်မတော်အပေါ် ယုံကြည်အားကိုး လိုစိတ်များ ယိုင်နဲ့လာစေရန် ရည်ရွယ်ချက်ရှိရှိ မဟုတ်မမှန် သတင်းတု၊ သတင်းမှားများကို ရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်