ဝါးခယ်မ  ဇွန်  ၁၂

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် ဝါးခယ်မမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ ပူးပေါင်း၍ ဝါးခယ်မမြို့ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များ၌ ရောင်းချလျက်ရှိသော ကုန်းပစ္စည်းများတွင် ကျန်းမာရေထောက်ခံချက်ပါရှိမှု ရှိ မရှိ၊ အရည်အသွေးပြည့်ဝမှု ရှိ မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးနှင့် သိုလှောင်ရုံများဖြင့် သိုလှောင်ရောင်းချခြင်း မရှိစေရေး အတွက် ကွင်းဆင်းစစ်ဆေး၍ လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

စားသုံးသူရေးရာဦးစီးဌာနသည် ပြည်သူများ နေ့စဉ်ဝယ်ယူစားသောက်သုံးစွဲနေသည့် ကုန်စည်များကို ကျန်းမာရေးနှင့် ကိုက်ညီမှုရှိစေရေးအတွက် အပတ်စဉ် ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)