ဝါးခယ်မ ဧပြီ ၈

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ သမိုင်းဘာသာရပ်ကို ယနေ့နံနက် ၉ နာရီတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

 

ဝါးခယ်မမြို့နယ်အတွင်း စာစစ်ဌာန(၁၂)ခု၌ ဖြေဆိုရန်စာရင်းပေးသွင်းထားသူ (၁၀၄၀)ဦးရှိပြီး ကျောင်းတွင်းဖြေဆိုသူနှင့် ပြင်ပဖြေဆိုသူ စုစုပေါင်း (၉၅၆)ဦးရှိကြောင်း၊ ပျက်ကွက်သူ (၈၄)ဦးရှိကာ ဝင်ရောက်ဖြေဆိုမှု ရာခိုင်နှုန်းအနေဖြင့် ၉၁ ဒသမ ၉၂ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ဝါးခယ်မမြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၂)ခုတို့၌ သမိုင်းဘာသာရပ်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများ  အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပညာရေးဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ဟိန်းထက်လင်း (ဝါးခယ်မ ပြန်/ဆက်)