ဝါးခယ်မ စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ရှိ မင်းပိုင်ရပ်ကွက်၊ ပတ္တမြားရပ်ကွက်နှင့် ဈေးရပ်ကွက်ရှိ အိမ်ထောင်စု ၅၂ စုအား ဆန်၊ ဆား ၊ကြက်ဥ၊ ဟင်းသီးဟင်းရွက် စသည့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဝါးခယ်မမြို့၊ သကျမဟာသီရိဘုရားကြီးဝင်းအတွင်း၌ ဆန်တစ်ပြည် ၁၀၀၀ ကျပ်၊ ကြက်ဥတစ်လုံး ၁၅၀ ကျပ်၊ ဆားနှင့် ဟင်းသီးဟင်းရွက်တို့ကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)