နေပြည်တော်၊ ဒီဇင်ဘာ ၂၁

 

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်တွင် ဌာနဆိုင်ရာရုံးများ၊ စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များကိုသာ လျှပ်စစ်မီး ပုံမှန်ဖြန့်ဝေပေးပြီး အခြားမြို့တွင်းရပ်ကွက်များကို  အလှည့်ကျ မီးပေးသည့်ပုံစံဖြင့် ပေးဝေလျက်ရှိကြောင်း သတင်းတု၊ သတင်းမှားများကို ပြည်ဖျက်မီဒီယာ Ayeyarwaddy Times က လူမှုကွန်ရက်စာမျက်နှာတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

 

ငွေကြေးတောင်းခံခြင်းမရှိ

 

အဆိုပါသတင်းနှင့်ပတ်သက်၍ ဆေးရုံ၊ ဆေးပေးခန်း၊ စာသင်ကျောင်းများ အပါအဝင် ပြည်သူ့အကျိုးပြု ဝန်ဆောင်မှုဆိုင်ရာရုံး၊ ဌာနများကို လျှပ်စစ်မီးပုံမှန်ပေးဝေလျက်ရှိပြီး အခြားနေရာများသို့လည်း အလှည့်ကျစနစ်ဖြင့်ပေးဝေလျက်ရှိကြောင်းနှင့် မည်သည့်ပုဂ္ဂိုလ်၊ လုပ်ငန်းရှင်များကိုမှ ငွေကြေး တောင်းခံ၍ လျှပ်စစ်မီးပေးဝေနေခြင်း မရှိကြောင်း ဝါးခယ်မမြို့နေ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 

အကြမ်းဖက်သောင်းကျန်းသူများသည် ပြည်သူလူလု၏ လူမှုစီးပွားဘဝ ထိခိုက်စေရန်နှင့်ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်ရည်ရွယ်၍ လျှပ်စစ်ဓာတ်အားပေးဝေမှုဆိုင်ရာ အဆောက်အအုံများ၊ လျှပ်စစ်တာဝါတိုင်များကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းများကြောင့် အချို့မြို့နယ်များတွင် လျှပ်စစ်ဓာတ်အား လျော့နည်း၍ အလှည့်ကျပေးဝေနေရခြင်းအပေါ် တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းမှားများ လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရသည်။

သတင်းစဉ်