ဝါးခယ်မ ၂ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ကျန်းမာရေး အသိပညာကောင်းများ ရရှိစေရေးအတွက် ကျန်းမာရေးအသိပညာပေး လှုံ့ဆော်ရေးပိုစတာများကို ဒီဇင်ဘာ ၁ ရက်နေ့မှစကာ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများက လူစည်ကားရာ နေရာများတွင် ချိတ်ဆွဲပေးထားကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ ကျန်းမာကြံ့ခိုင်ပြီး ရောဂါကင်းဝေးစေရန် ရည်ရွယ်၍ "စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့" ၊" ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး ကျန်းမာခြင်းသည် လာဘ်တစ်ပါး "၊" ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်မှုနှင့်အညီ လမ်းလျှောက်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူး " စသည့် ကျန်းမာရေး အသိပညာပေး ပိုစတာများကို မြို့နယ်အားကစားနှင့်ကာယပညာ နည်းပြ / နည်းစနစ်မှူး ဒေါ်ဖြူနှင်းဖွေးနှင့် တာဝန်ရှိသူများက မြူရုံးလမ်း သကျမဟာသီရိဘုရားကြီးရှေ့၊ မြူရုံးလမ်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးရှေ့၊ ကမ်းနားလမ်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တို့တွင် လမ်းဖြတ် ဗီနိုင်းပိုစတာနှင့် မြေစိုက်ပိုစတာများကို ချိတ်ဆွဲပေးထားကြောင်း သိရသည်။
လွှမ်းသီဟ(ပြန်/ဆက်)


