ဝက်လက် ၇ ဇူလိုင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့၊ လင်းလက်ကြယ်စင် စာကြည့်တိုက်တွင် မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို အောက်မေ့တသ သတိရစေလိုသောအားဖြင့် ယနေ့နံနက် ၉ နာရီက အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပပြုလုပ်သည်။

 

22

 

ရှေးဦးစွာ လင်းလက်ကြယ်စင် စာကြည့်တိုက် အလှူရှင် ဦးထွန်းမြင့်က စာစီစာကုံးကျင်းပပြုလုပ်ခြင်းနှင့် ကျောင်းသား/ကျောင်းသူများ စာကြည့်တိုက်နှင့် ရင်းနှီးစေခြင်းအလို့ငှါ ပြိုင်ပွဲကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းပြောကြားပြီးနောက် ဦးခင်မောင်လင်း (ပညာရေး-ငြိမ်း)မှ အမှတ်ပေးစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြိုင်ပွဲအားကျင်းပရာ အထက်တန်း အဆင့်တွင် "အာဇာနည်မျိုး သေရိုးမရှိ" ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ (၅၀)ဦး၊ အလယ်တန်းအဆင့်တွင် "ဘယ်မမေ့ပြီ အာဇာနည်" ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ (၄၁) စုစုပေါင်း (၉၁) ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

စိုးစိုးလှိုင်(ဝက်လက်)