ဝက်လက် ၉ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ယခု ၂၀၁၉ ခုနှစ်ကို အခြေခံ မဲဆန္ဒရှင်စာရင်း ပြုစုသည့် နှစ်အဖြစ် သတ်မှတ်ကာ မြို့နယ်အတွင်း လူဦးရေစာရင်း အချက်လက်များ ပြုစုခြင်း လုပ်ငန်းများကို ဆောင်ရွက်ရာ ယနေ့အထိ ၇၀ ရာခိုင်နှုန်းကျော် ကောက်ယူပြီးဖြစ်ကြောင်း သိရသည်။
ဝက်လက်မြို့နယ်၌ အိမ်ခြေ ၄၁၆၃၀၊ အိမ်ထောက်စု ၄၆၁၆၈ ရှိရာ သြဂုတ်လ ၇ ရက်နေ့အထိ ၇၀ ရာခိုင်နှုန်းကျော်ကောက်ယူပြီးစီးပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှသိရှိရသည်။
မြို့နယ်အတွင်းရှိ အိမ်ထောင်စုစာရင်းအလိုက် လူဦးရေစာရင်း အချက်လက်များ ကောက်ယူရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌ အဖြစ်ပါဝင်ပြီး တိုက်နယ်အလိုက် စာရင်းကောက်ယူရေးအဖွဲ့ ၇ ဖွဲ့ ဖွဲ့စည်းကာကောက်ယူလျှက်ရှိကြောင်း သိရှိရသည်။
စိုးစိုးလှိုင်(ဝက်လက်)


