ဝက်လက် ၁၆ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့ မြို့မစျေး၌ ယနေ့ နံနက် ၆ နာရီခွဲက ပလတ်စတစ် သုံးစွဲမှု လျော့နည်းကျဆင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။
အဆိုပါ ပလတ်စတစ်သုံးစွဲမှု လျော့နည်းကျဆင်းရေး အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေရာတွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဒေါ်စန္ဒာထွန်းနှင့် ဝန်ထမ်းများက ဖြန့်ဝေပေးကြောင်း သိရသည်။
စိုးစိုးလှိုင် (ဝက်လက်)


