ဝက်လက် ၃၀ ဇွန်
       

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ကျီးကန်ကျေးရွာတွင် ရေသန့်စက်နှင့် အဆောက်အဦ ဆောက်လုပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီအချိန်က ကျင်းပခဲ့သည်။
       

 

 ရေသန့်စင်စက်နှင့် အဆောက်အဦမှာ အလျား ၂၅ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၁၂ ပေရှိပြီး ဝက်လက်မြို့နယ် ကျီးကန်ကျေးရွာ ဦးခင်မောင်ဆန်း+ဒေါ် မြဦး(လမင်း ဆန်စက် ) ပိုင်ရှင် မိသားစုမှ မိမိတို့ ကျေးရွာတွင် နေထိုင်ကြသော ကျေးရွာသူ၊ ကျေးရွာသားများ သန့်စင်သော ရေကို သောက်သုံးရန်အလို့ငှါ  ဆောက်လုပ်လှူဒါန်းခြင်း ဖြစ်သည်။
         

 

အဆိုပါ အဆောက်အဦကို မေလမှစတင်၍ ကျီးကန် (မြောက်ရွာ) ရွာအဝင် ကန်ဘောင်တွင် ဆောက်လုပ်ခဲ့ရာ  ကျပ်သိန်း ၁၇၀ ခန့် အကုန်အကျခံ ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း ကျီကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းသန့်က ပြောကြားခဲ့သည်။
                                                                                                 

စိုးစိုးလှိုင်(ဝက်လက်)