ဝက်လက် ၆ ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း၊ အခြေခံပညာကျောင်းဆောင်များ ဆောက်လုပ်နေမှုကို ယမန်နေ့က ကွင်းဆင်းကြည့်ရှုသည်။

 

အဆိုပါ အခြေခံပညာ ကျောင်းဆောင်များမှာ ဝက်လက်မြို့နယ်အတွင်း မင်းစုကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ဆောက်လုပ်နေသော ခွင့်ပြုငွေ (၃၂.၄) ကျပ်သန်းဖြင့် အလျားပေ (၆၀)၊ အနံပေ (၃၀)၊ အမြင့် (၁၂ )ပေ ရှိ (၁) ထပ် ကျောင်းဆောင်၊ မုဆိုခြုံ ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)တွင် ဆောက်လုပ်နေသော ခွင့်ပြုငွေ (၁၄၀.၇) ကျပ်သန်းဖြင့်  အလျားပေ (၁၃၀)၊ အနံ ပေ (၃၀)၊ အမြင့် (၂၄) ပေ ရှိ၊ (၂) ထပ် ကျောင်းဆောင်၊ စခန်းသာကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) တွင် ခွင့်ပြုငွေ (၆၄.၉၄) ကျပ်သန်းဖြင့် အလျားပေ (၉၀)၊ အနံပေ (၃၀) အမြင့် (၁၂) ပေရှိ (၁) ကျောင်းဆောင် ဆောက်လုပ်နေမှုကို ကွင်းကြည့်ရှုသည်။

 

ကွင်းဆင်းကြည့်ရှုရာတွင် ဝက်လက်မြို့ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဝင်း နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများလိုက်၍ အရည်အသွေး ပြည့်မှီရေး၊ အချိန်မီပြီးစီးရေး တို့ကို မှာကြားခဲ့ကြောင်း သိရှိရသည်။

 

စိုးစိုးလှိုင် (ဝက်လက်)