ဝက်လက် ၂၂ ဇွန်
ဇွန် ၂၂ ရက် နံနက်ပိုင်းက စစ်ကိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဟန်လင်းကျေးရွာ အုပ်စုတွင် အသက် ၈၅ နှစ်နှင့်အထက် အဘိုး၊ အဘွားများ ၅၀ ဦး ကို လူမှုရေးပင်စင်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ငွေပေးအပ်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးခင်အောင်နှင့် ရွာမိရွာဖများ လိုက်ပါခဲ့ပြီး ဟန်လင်းကျေးရွာအုပ်စုအတွင်း အဘိုး၊ အဘွား တစ်ဦးလျှင် တစ်လတစ်သောင်းနှုန်းဖြင့် ငွေကျပ်သုံးသောင်းကို တစ်အိမ်တက်ဆင်း လက်ဝယ်အရောက်ပေးအပ်ခဲ့ကြသည်။
ဝက်လက်မြို့နယ်အနေဖြင့် အသက် ၈၅ နှစ်နှင့်အထက် အဘိုး၊ အဘွား (၁၃၇၃) ဦးအတွက် ကျပ်သိန်း လေးရာတစ်ဆယ့်တစ်သိန်း ကိုးသောင်းတိတိ ထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ဥမ္မာဝင်း(ဝက်လက်)
