ဝက်လက် ၁၅ ဇွန်  

                     

စစ်ကိုင်းတိုင်းဒေသကြီး၊  ရွှေဘိုခရိုင်၊  ဝက်လက်မြို့၊ အမှတ်(၃) ရပ်ကွက်တွင်   ဇွန် ၁၄ ရက်  ည  ၇ နာရီခန့်က မီးအားမြှင့်စက် အပူလွန်ကဲရာမှ ကြက်ခြံ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး  ဦးအေးမြင့် ထံမှ သိရသည်။
           

ဝက်လက်မြို့နယ်မီးသတ်စခန်း၏ အရှေ့မြောက်ဘက်  သုံးဖာလုံခန့် ကွာဝေးသည့်  အမှတ်(၃) ရပ်ကွက်ရှိ    ဦးအောင်မြင့် ၏ ကြက်ခြံ မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းရသဖြင့်  ဝက်လက်မြို့နယ် မီးသတ်ဦးစီးမှူး  ဦးစီးအရာရှိ  ဦးမောင်းနိန် ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်  ၁၈   ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်  ၃၀   ဦး၊  ရပ်ကွက်နေပြည်သူ ၇၀  ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁၅  ဦးတို့က မီးငြိမ်းသတ်ယာဉ်သုံးစီး၊    ရေသယ်ယာဉ်တစ်စီးတို့ဖြင့်  ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ  ည  ၇  နာရီ ၄၅   မိနစ်တွင် မီးထိန်းနိုင်၍    ည  ၈  နာရီ  ၁၀  မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

 

မီးလောင်မှုကြောင့် ဦးအောင်မြင့်  ၏  (၂၅၀ × ၂၀  × ၁၅ ) ပေရှိ ကြက်ခြံဆုံးရှုံးခဲ့သော်လည်း ယင်းကြက်ခြံတွင် ကြက်များမွေးမြူခြင်း မရှိတော့ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်စပ်လျဉ်း၍  မီးပေါ့ဆသူ   ဦးအောင်မြင့် (ဘ) ဦးဝါးမောင်  ဝက်လက်မြို့နေသူအား ဝက်လက် မြို့မ ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မိုးသောက် (ရွှေဘို)