ဝါးခယ်မ ၁၆ ဇူလိုင်

 

ဝက်များတွင်ဖြစ်ပွားတတ်သော ရောဂါများနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ကနစိုးကုန်းကျေးရွာနှင့် အုန်းပင်စုကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်နန်းက ဝက်များတွင် ဖြစ်ပွားတတ်သော ရောဂါဆိုင်ရာများနှင့် ပတ်သက်၍ ဖြစ်ပွားပုံ၊ ကူးစက်မှု၊ ကာကွယ်ရန် နည်းလမ်းများကို ရှင်းလင်းပြောကြားပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဝက်ခြံများအား ပိုးသတ်ဆေးဖျန်းပေးခြင်း စသည့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

(မြို့နယ် ပြန်/ဆက်)