ဝမ်းတွင်း  ဧပြီ ၁၆

 

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ၁၃၈၃ ခုနှစ် မဟာသင်္ကြန်ပွဲတော် အတက်နေ့အား ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဆင်နွဲလျက်ရှိကြောင်း သိရသည်။

 

ဝမ်းတွင်းမြို့နယ်တွင် ၁၃၈၃ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကာလ အကြိုနေ့မှစတင်ကာ လူကြီးလူငယ်မရွေး အတာသင်္ကြန်ကို ဆင်နွဲခဲ့ကြပြီး ရပ်ကွက်ကျေးရွာများတွင်လည်း ရေကစားမဏ္ဍပ်များ၊ စတုဒီသာ မဏ္ဍပ်များထိုးကာ အစဉ်အလာမပျက် ရေကစားသူများ၊ ကုသိုလ်ဖြစ် အဟာရကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိပြီး သင်္ကြန်ကာလဖြစ်သည့် အကြို၊ အကျ၊ အကြတ်၊ အတက်နေ့များတွင် မြို့တွင်း လမ်းမကြီးနှင့် ရပ်ကွက်များရှိမဏ္ဍပ်များတွင် ပျော်ရွှင်စွာ ရေကစားသူများ၊ ရေပတ်ခံထွက်သူများနှင့် စည်ကားလျက်ရှိကာ အတာကူးတဲ့တန်ခူးလ သင်္ကြန်ပွဲတော်တွင် အစဉ်အလာရိုးရာမပျက် သင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ဆင်နွဲလျက်ရှိကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)