ဝမ်းတွင်း ၂၁  အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၉)နှစ်နှင့်(၁၀)နှစ်အတွင်းရှိ မိန်းက လေးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV)စတင်ထိုးနှံပေးခြင်းများကို ယနေ့နံနက်(၈)နာရီမှ စတင်ကာ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအလိုက် သက်ဆိုင်ရာ စုရပ်နေရာများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အသက်(၉)နှစ်နှင့် (၁၀)နှစ်အတွင်းရှိ မိန်းကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံပေးခြင်းဖြစ်ပြီး(HPV) ကာကွယ်ဆေးအားပထမအကြိမ်ထိုးနှံပေးခြင်း၊ နောက်တစ်ကြိမ် (၆)လနှင့်(၁၂)လအတွင်း ဒုတိယအကြိမ် ထိုးနှံပေးကာစုစုပေါင်း(၂)ကြိမ် ထိုးနှံပေးခြင်းဖြင့် မိန်းကလေးငယ်များတွင် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုအား ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ဌေးလှိုင်(ဝမ်းတွင်း)