ဝမ်းတွင်း ၁၁ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေး ပြည်သူများ Mask များကို စနစ်တကျ တပ်ဆင်သွားကြစေရန် အသိပညာပေးခြင်းများကို ယနေ့နံနက် (၈)နာရီအချိန်မှစတင်ကာ သဲတောဈေးအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေး အတွက် နေအိမ်ပြင်ပ သွားလာနေကြသော ပြည်သူများနှင့် ဈေးအတွင်း သွားလာနေကြသော ဈေးသည်/ဈေးဝယ်များအား Maskများကို စနစ်တကျ တပ်ဆင်သွားလာစေရန် အသိပညာပေးခြင်းနှင့် Mask တပ်ဆင်သွားလာခြင်း မရှိသူများအား Mask များကို ယခုဝယ်/ယခုတပ်ဖြင့် ပြည်သူများ Mask တပ်ဆင်ရေး အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်းကာ မြို့တွင်း/မြို့ပြင် စစ်ဆေးရေးအဖွဲ့များနှင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေဖြင့်လည်း Mask များကို စနစ်တကျ တပ်ဆင်သွားလာလျက်ရှိကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)


