ပွင့်ဖြူ    ၁၈    ဩဂုတ်       


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် ခရိုင်နှင့် မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ဩဂုတ် ၁၈ ရက်၊ နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာမှ ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သော ကျောင်းသူအား လာရောက်တွေ့ဆုံပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 


ဘာသာစုံဂုဏ်ထူးရှင် ကျောင်းသူမှာ ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာမှ ဦးဇော်မိုး၊ ဒေါ်ယဉ်နွဲ့ တို့၏ အငယ်ဆုံးသမီးဖြစ်ပြီး ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် ပွင့်ဖြူမြို့နယ် ကုန်းဇောင်း (ပညာရဲရင့် ကိုယ်ပိုင်အထက်တန်းကျောင်း)၌ တက်ရောက်သင်ကြားကာ ထူးချွန်စွာအောင်မြင်ခဲ့သဖြင့် ယနေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို က ဂုဏ်ပြုဆုငွေကျပ် ငါးသိန်း ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ 


ရဲဝင်းနိုင် ( ညောင်ဦး )