မြစ်ကြီးနား  ၇  နိုဝင်ဘာ 

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့်ဇနီး ဒေါက်တာဂျေကော့ဘူ တို့သည် ယနေ့ နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခဲ့ကြသည်။

ထိုသို့မဲပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးသည် မဲလက်မှတ်ထုတ်ယူခြင်း၊ လျှို့ဝှက်ဆန္ဒမဲပေးခြင်းနှင့် ကြိုတင်ဆန္ဒမဲပုံးသို့ ဆန္ဒမဲ‌‌ပေးခြင်းလုပ်ငန်းတို့ကို ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ စံလုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ မဲပေးခဲ့ကြသည်။

မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)