ရွှေဘို  ၁၂  စက်တင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်‌သည် ယနေ့ မွန်းလွဲ ၂ နာရီက တာဝန်ရှိသူများနှင့်အတူ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေဘိုမြို့နယ်အတွင်းရှိ ရွှေဘို-ဆိပ်ခွန်-မုံရွာ ကားလမ်း(၁၈)ပေအကျယ် အဆင့်မြှင့်တင် ကတ္တရာလမ်း ချဲ့ထွင်ဖောက်လုပ်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်း နှင့်အညီ အချိန်မီပြီးစီးရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းပေးပြီး အားလုံးပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

 

ဆက်လက်ပြီး ဆိပ်ခွန်၊ ဝါးရုံကန်၊ စောင်တန်း၊ ရေတော်မူ၊ ပန်းလှိုင် စသည့် ကျေးရွာများတွင် မိုးစပါများ ပျိုးထောင် စိုက်ပျိုးထားရှိမှု အခြေအနေ‌တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကာ တောင်သူများအတွက် စိုက်ပျိုးရေဖူလုံစွာရရှိရေး အထူးအလေးထာ၍ ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

 

ထို့နောက် ဆိပ်ခွန်ကျေးရွာ-ဝါးရုံကန်ကျေးရွာနှင့် စောင်တန်းကျေးရွာတို့သို့ ဆက်သွယ်ထားသော မြေသားလမ်းအား ဂျင်းလမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်ပေးနိုင်ရေးနှင့် တံတားသစ်ဆောက်လုပ်ပေးရန် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး  လိုအပ်သည်များကို  တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထွန်းကိုကို(ယင်းမာပင်)