ဇလွန် ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက
ပဆင-ဓနုဘေး-သက္ကယ် ကျွန်းလမ်း ကတ္တရာလမ်းခင်းခြင်းဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)မှ ကတ္တရာလမ်း ဆောင်ရွက်ခဲ့မှုအား ရှင်းလင်းတင်ပြခဲ့ပြီး ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် ပဆင-ဓနုဘေး-သက္ကယ်ကျွန်းလမ်း ကတ္တရာလမ်းအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပဆင-ဓနုဘေး-သက္ကယ်ကျွန်းလမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါလမ်းအား (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် (၁/၀.၁၅) မိုင်နှင့် (၂၀၂၀-၂၀၂၁)ခုဘဏ္ဍာရေးနှစ်တွင် (၁/၀)မိုင် ကတ္တရာခင်းခြင်းလုပ်ငန်းအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇလွန်(ပြန်/ဆက်)