ဝန်းသို ၁၉  ဩဂုတ် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် အမှိုက်ကင်းစင်ကျေးရွာ သတ်မှတ်ရန်နှင့် ကျေးလက်နေပြည်သူများ ကျန်းမာရေးသန့်ရှင်းရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကျေးရွာလူထုအခြေပြု စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ် အသိပညာပေးခြင်းကို  ယနေ့နံနက် ၈ နာရီတွင် မြိုင်ဇေယျာကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။ 


 
ကျေးရွာလူထု အခြေပြုစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ် အသိပညာပေးခြင်းဆောင်ရာတွင် တစ်ကိုယ် ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်မသန့်ရှင်းမှုကြောင့် ဖြစ်တက်သော ရောဂါများအကြောင်းကို ကျိုင်းခွင် တိုက်နယ်ဆေးရုံမှ ကျန်းမာရေးမှူး ဒေါ်ခင်ကြူကြူဝင်း ကလည်းကောင်း၊ ကျေးရွာတွင်း တရားဥပဒေ စိုးမိုးရေးနှင့် မူခင်းကျဆင်းရေးသိ‌ကောင်းစရာများအကြောင်းနှင့် စွန့်ပစ်အမှိုက်မှ သဘာဝမြေဩဇာ ထုတ်လုပ်ပုံအကြောင်းကို မြို့နယ်ရဲတပ်ဖွဲမှူးရုံးမှ ရဲအုပ်ကိုကိုနိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ လက်ထောက်ဦးစီးမှူး ဦးရန်နိုင်ထွန်းကလည်းကောင်း၊ မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက "အမှိုက်အဓိပ္ပာယ်၊ အမှိုက်အမျိုးအစား၊ အမှိုက်အကြောင်း နှင့် အမှိုက်စီမံခန့်ခွဲမှုစနစ်အကြောင်း"  အသိပညာပေး ဆွေးနွေးဟော ပြောခဲ့ကြသည်။

 

ယင်းနောက် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဦးဆောင်၍ ကျေးရွာအဆင့် မြစိမ်းရောင်ရန်ပုံ ငွေကြီးကြပ်မှုကော်မတီဝင်များ၊ ကျေးရွာသူ၊ ကျေးရွာသားများကို အဖွဲ့(၂)ဖွဲ့ခွဲကာ ကျေးရွာတွင်းရှိ လမ်းများအလိုက် တာဝန်ခွဲဝေကာ အမှိုက်ကောက်သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

မွှေးကြူဇင်