ဝန်းသို ၃ စက်တင်ဘာ
မြင်သာကုန်းကျေးရွာနှင့် မော်နိုင်းကျေးရွာတို့တွင် Cash For Work စီမံကိန်းဖြင့် ရွာတွင်း လမ်းများ ဂျင်းမြေခင်းခြင်း၊ လမ်းဘေးဝဲ/ယာ ရေနုတ်မြောင်းတူးဖော်ခြင်း၊ ကွန်ကရစ်ရေမြောင်း ပြုလုပ်ခြင်း၊ အရှည် ၂၆၂ပေ၊ အကျယ်၁၂ပေ၊ ထု၈ လက်မရှိ ကွန်းကရစ်လမ်းခင်းခြင်း လုပ်ငန်းပြီးစီးမှု အခြေအနေ၊ ကော်မတီဝင်များ နေ့စဉ်ပြုစုရမည့်စာရင်းဇယားများ၊ လစဉ်ပြုစုတင်ပြရမည့် စာရင်းဇယားများနှင့် နေ့စဉ်လုပ်အားခပေး ချေမှုမှတ်တမ်းများစသည့် လုပ်ငန်းများကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ဝန်းသိုမြို့နယ်တွင် Cash For Work စီမံကိန်းထောက်ပံငွေကျပ် သိန်း ၁၀၀ စီဖြင့် မြင်သာကုန်း ကျေးရွာ၊ မော်နိုင်းကျေးရွာ၊ သဖန်းဆိပ်ကျေးရွာ၊ ကျောက်တိုင်ကျေးရွာ၊ လေးရွာကျေးရွာ၊ အရှေ့စက်ကျေးရွာ စသည့်ကျေးရွာ ၆ရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
ကျော်မြိုင်( ပြန် /ဆက်)


