ဝန်းသို ၇  ဧပြီ

 

ဝန်းသို့မြို့နယ် ပုတိမ်ကုန်းကျေးရွာ ရေရရှိရေးလုပ်ငန်းကို ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြုရန်ပုံငွေ ငွေကျပ် ၁၃ ဒသမ ၉ရ သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသ နေပြည်သူများ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး    ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

 

02

 

"ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်   အနည်ကျမီးသင်းကျောက်များ၊ သင်ပုန်းကျောက် တန်းများပေါ‌များသည့်အတွက်  မြေအောက်ရေရရန်  ခက်ခဲပါကြောင်း၊ ယခု ပုတိမ်ကုန်းကျေးရွာရေရရှိ ရေးအတွက်  (၂) လ တူးဖော်ခဲ့ရာ စက်ရေတွင်းပေ ၄၀ဝ အောင်မြင်စွာတူး ဖော်ပြီးစီးခဲ့ပါကြောင်း၊  တချို့ စက်ရေတွင်းများမှာ ၃ လ မှ ၄ လ အထိ ခက်ခက်ခဲခဲ တူးဖော်ရပါကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပြောသည်။

 

ဆက်လက်၍ စက်ရေတွင် ဆက်စပ်လုပ်ငန်းများဖြစ်သော ဂါလန် (၂၀ဝ၀)ဆံ့ ရေစုကန် တစ်ကန်နှင့် ၁၀'x ၈'x၈' ရေစက်ရုံတစ်ခု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။

 

မွှေးကြူဇင်