ဝန်းသို ၇ ဧပြီ
ဝန်းသို့မြို့နယ် ပုတိမ်ကုန်းကျေးရွာ ရေရရှိရေးလုပ်ငန်းကို ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြုရန်ပုံငွေ ငွေကျပ် ၁၃ ဒသမ ၉ရ သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသ နေပြည်သူများ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
"ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အနည်ကျမီးသင်းကျောက်များ၊ သင်ပုန်းကျောက် တန်းများပေါများသည့်အတွက် မြေအောက်ရေရရန် ခက်ခဲပါကြောင်း၊ ယခု ပုတိမ်ကုန်းကျေးရွာရေရရှိ ရေးအတွက် (၂) လ တူးဖော်ခဲ့ရာ စက်ရေတွင်းပေ ၄၀ဝ အောင်မြင်စွာတူး ဖော်ပြီးစီးခဲ့ပါကြောင်း၊ တချို့ စက်ရေတွင်းများမှာ ၃ လ မှ ၄ လ အထိ ခက်ခက်ခဲခဲ တူးဖော်ရပါကြောင်း” မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပြောသည်။
ဆက်လက်၍ စက်ရေတွင် ဆက်စပ်လုပ်ငန်းများဖြစ်သော ဂါလန် (၂၀ဝ၀)ဆံ့ ရေစုကန် တစ်ကန်နှင့် ၁၀'x ၈'x၈' ရေစက်ရုံတစ်ခု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မွှေးကြူဇင်


