ဝန်းသို  ၈  အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသော မြစိမ်းရောင် ကျေးရွာစီမံကိန်း စတုတ္ထစက်ဝန်း လည်ပတ်ရန်အတွက် ကျေးရွာပေါင်း (၁၁) ရွာအတွက် ချေးငွေ သိန်း (၂၁၅၀) ကျော်အား ပြန်လည်ထုတ်ချေးခြင်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပြောကြားသည်။

 

ယင်းစီမံကိန်း ကျေးရွာများဖြစ်သည့် ခပ်ချိုကျေးရွာတွင် (၃၉၅) သိန်း၊ ထုံးဘိုကျေးရွာ၊ အင်းမကျေးရွာနှင့် အလယ်ကျွန်းကျေးရွာ သုံးရွာ တစ်ယူနစ်တွင် (၄၆၂) သိန်း၊ ကင်မွန်းခြုံကျေးရွာနှင့် ထောက်ကြံ့တော ကျေးရွာ နှစ်ရွာတစ်ယူနစ်တွင် (၄၆၈) သိန်း၊ မကျည်းကုန်း‌ကျေးရွာနှင့် တေဇကျေးရွာ နှစ်ရွာ တစ်ယူနစ်တွင် (၄၀၂) သိန်း၊ နမော်ကျေးရွာ၊ လည်ဦးကျေးရွာနှင့် ဝါးဘိုး‌ချောင်း ကျေးရွာ သုံးရွာ တစ်ယူနစ်တွင် (၄၂၇) သိန်းကို စတုတ္ထစက်ဝန်းအတွက် ပြန်လည်ထုတ်ချေး ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

၎င်းကျေးရွာ (၁၁) ရွာတွင် စိုက်ပျိုးရေးလုပ်ငန်း‌ လုပ်ကိုင်သူ (၁၅၉) ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၂၁၅) ဦး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ တစ်ဦး၊ အသေးစား ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ (၃၃) ဦး၊ စုစုပေါင်း ငွေကျပ် ၂၁၅၄ သိန်း ပြန်လည်ထုတ်ချေးပြီးဖြစ်ရာ ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဆင်းရဲသော မိသားစုဝင်များ ဝင်ငွေတိုး လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မွှေးကြူဇင်