ဝန်းသို ၇ စက်တင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ သိန်း ၁၀ဝ၀ ဘတ်ဂျက်နှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေတို့ဖြင့် ပူးပေါင်း ဆောင်ရွက်သော ပေကုန်းကျေးရွာ ရွာအဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်း ရာနှုန်းပြည့် ဆောင်ရွက်ပြီး ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

 

အဆိုပါ ကွန်ကရစ်လမ်းကို မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေမှ သိန်း(၃၀)၊ ပြည်ထောင်စု လွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေသိန်း ၁၀ဝ၀ ဘတ်ဂျက်မှ သိန်း(၃၀) စုစုပေါင်းသိန်း(၆၀)ဖြင့် အလျားပေ ၉၀ဝ၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မကို ကျေးရွာလူထုလုပ်အားဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ပေကုန်းကျေးရွာသည် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အောင်ချမ်းသာကျေးရွာနှင့် (၂)ရွာ တစ်ယူနစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပဉ္စမအကြိမ်လည်ပတ်ရန်ပုံငွေအဖြစ် စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်ရန် တောင်သူ(၅၈)ဦး၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရန် တောင်သူ(၄၇)ဦး၊ အသေးစားရောင်းဝယ်ရေးလုပ်ငန်း ဆောင်ရွက်ရန် (၁၀)ဦး၊ စုစုပေါင်း (၁၁၅)ဦးကို ကျပ်သိန်း (၄၈၅)သိန်း ပြန်လည်ထုတ်ချေးပေးနိုင်ခဲ့‌ကြောင်း သိရသည်။

 

မွှေးကြူဇင်