နေပြည်တော် ၁၈ စက်တင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ ယခင်ကထက် စွမ်းဆောင်ရည်ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းကို ယနေ့နံနက် ၉ နာရီ က Video Conferencing ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က အဖွင့်အမှာစကားပြောကြားပြီး တက်သစ်စ ခေါင်းဆောင်ငယ်/ခေါင်းဆောင်သစ်များ ကျင့်သုံးရမည့် လုပ်ငန်းခွင်ထိရောက်အောင်မြင်ရေးနည်းလမ်းများခေါင်းစဉ်ဖြင့် သင်ကြားပို့ချသည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဒေါ်မီမီထွေးက စိစစ်အကဲဖြတ်ရေးနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ ဆောင်ရွက်ချက်များ နှင့်ပတ်သက်၍ အားသာချက် အားနည်းချက်များကို ဆွေးနွေးသင်ကြား ပို့ချခဲ့သည်။
အဆိုပါ Video Conferencing စနစ်ဖြင့် ကျင်းပသည့် သင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ်ရုံး (၁၇)ရုံးမှ ဝန်ထမ်း (၁၄၀)၊ ခရိုင်ရုံး (၇၂)ရုံးမှ ဝန်ထမ်း(၃၃၇)ဦး၊ မြို့နယ်ရုံး(၂၇၈)ရုံးမှ ဝန်ထမ်း(၁၀၇၉)ဦး စုစုပေါင်း ဝန်ထမ်း(၁၅၅၆)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
ဂျိုင်းလော (နာဂ)


