ပန်းတနော် ၁၁  ဇွန် 

 

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ အင်းတကော်ကျေးရွာအုပ်စု၊ ရွှေစေတီလမ်းရှိ ဝါးဖြင့်ကွမ်းရွက်ထည့်ခြင်း ရက်လုပ်သူများ ယခုနှစ်တွင် ရောင်းအားကောင်းသဖြင့် ခြင်းရက်လုပ်သူများ အဆင်ပြေနေကြောင်း သိရသည်။ 

 

" အရွယ်ဆိုက် (၂) မျိုးရှိတဲ့ ဝါးနဲ့ရက်လုပ်တဲ့ ကွမ်းခြင်းတွေကို မြို့နယ်အသီးသီးမှာ ကွမ်းရွက်တင်ပို့ရောင်းချတဲ့နေရာမှာ အများဆုံး အသုံးပြုကြပါတယ်။ ကွမ်းခြင်းတွေကို ပန်းတနော်ဒေါင့်ကြီးရွာ၊ ပစ်မ ကုန်းရွာတွေက (၁၀) ရက် တစ်ပတ်ကို ကွမ်းထည့်အသုံးပြုခြင်း(၅၀) ပုံမှန်လာရောက်ဝယ်ယူနေတာအတွက် အဆက်မပြတ်ရောင်းရတယ်" လို့ ဒေသခံ ကွမ်းခြင်းရက်လုပ်သူ ဦးစိန်ထွေးကပြောသည်။

 

ကွမ်းရွက်ခြင်း ရက်လုပ်သူများသည် ကွမ်းရွက်ထည့်တဲ့ ခြင်းများအား ကုန်ချိန် (၂၈) ပိသာထည့်နိုင်သည့်ခြင်း၊ ကုန်ချိန် (၃၅) ပိသာထည့်နိုင်သည့် ခြင်း(၂)မျိုးလုံး ယက်လုပ်ကြပြီး ယခင်နှစ်ကထက် ယခုနှစ်တွင် ကွမ်းရွက်ထည့်ခြင်းတစ်လုံး ငွေကျပ်  (၁၅၀ဝ) ဖြင့် ရောင်းချကြောင်း သိရသည်။

 

မောင်ချစ်ဦး(ပန်းတနော်)