မင်းတပ်  ၈  ဇူလိုင်

 

မင်းတပ်ခရိုင် ကန်ပက်လက်မြို့နယ် ကျောက်တောင်ကျေးရွာရှိ စိုက်ပျိုးရေးတောင်သူများ၏ ဝဉစိုက်ခင်းများတွင် ခါးရင်းပုတ်ရောဂါ ကျရောက်နေသဖြင့် ခရိုင်စိုက်ပျိုးရေးဉီးစီးဌာနမှူး ဦးထန်းနိုင်းနှင့် ခရိုင်သီးနှံတာဝန်ခံ ဒေါ်ခင်ပြုံးကြည်တို့က ဇူလိုင် ၇ ရက်က ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

 

ခရိုင်စိုက်ပျိုးရေးဉီးစီးဌာနမှူး ဦးထန်းနိုင်းက  “ဝဉစိုက်ခင်းတွေမှာ ကျရောက်နေတဲ့ ရောဂါအမျိုးအစား သေချာ သိရှိနိုင်ဖို့ ဝဉစိုက်ခင်းတွေကို ကွင်းဆင်းပြီးတော့ ဖြစ်ပွားတဲ့ရောဂါက မြေကြောင့်ဖြစ်ပွားတာ လား၊ သီးနှံကြောင့်ဖြစ်တာလားဆိုတာ သိရအောင်မှတ်တမ်းယူပြီး နေပြည်တော်စိုက်ပျိုးရေး ဓာတ်ခွဲခန်းကို ပေးပို့သွားမယ်။   အခုလောလောဆယ်တော့ အခြားစိုက်ခင်းတွေကို ကူးစက်ပြန့်ပွားမှု မရှိအောင် ကြိုတင်ကာကွယ်နိုင်ဖို့ မှိုနှင့်ဘက်တီးရီးယား ပိုးသတ်ဆေး ထောက်ပံ့ပေးထားတယ်။ ရောဂါကျရောက်မှုအခြေအနေကတော့ ပျိုးပင် ဆယ်ပင်မှာ တစ်ပင်လောက်မှာပဲဖြစ်ပွားတာပါ” ဟု ပြောကြားသည်။

 

ကျောက်တောင်ကျေးရွာရှိ  ဝဉစိုက်ပျိုးရေးတောင်သူ ဦးထန်းမောင်း က “ဝဉပင်စည်ရဲ့ ခါးရင်းကပုပ်ပြီး ဝါးဉပင်တွေသေတယ်။ တစ်ခင်းလုံးဖြစ်နေတာတော့ မဟုတ်ဘူး၊ အရင်နှစ်တွေက ဒီလိုရောဂါ ဖြစ်ပွားမှုက မရှိခဲ့ဘူး။  ဒီနှစ်မှ ဒီရောဂါဖြစ်လာတာမို့ စိတ်ပူပြီး စိုက်ပျိုးရေးဉီးစီးဌာနကို အကြောင်းကြား ရတာဖြစ်တယ်။ အခု စိုက်ပျိုးရေးဉီးစီးဌာနက ပေးတဲ့ ပိုးသတ်ဆေးဖျန်းထားတယ်” ဟု ပြောကြားသည်။

 

ဆလိုင်းအောင်(ပြန်/ဆက်)