ဟားခါး ၁၅ စက်တင်ဘာ                

           

 

ချင်းပြည်နယ် ဟားခါးမြို့အတွင်း စီးနင်းလျက်ရှိသော မော်တော်ယာဉ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေးနှင့် ယာဉ်မတော်တဆမှုများ လျော့နည်းစေရေး ရည်ရွယ်၍ အသစ်ထုတ်ပြန်ထားသည့် မော်တော်ယာဉ်များ မောင်းနှင်နေစဉ် လိုက်နာရမည့် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဉပဒေအသစ် များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း မရှိသူများအား အရေးယူ ဆောင်ရွက်ခြင်းများကို  စက်တင်ဘာ ၁၅ ရက်နေ့က ဟားခါးမြို့၊ ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်တွင် အမှတ်(၁၆) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး (ဟားခါး)မှ အရှိန်အဟုန်မြှင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

           

 

အဆိုပါ အရေးယူ ဆောင်ရွက်ရာတွင် အမှတ်(၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး (ဟားခါး)မှ ရဲအုပ် ကိုကိုမောင် ဦးဆောင်သည့် ယာဉ်ထိန်းရဲ တပ်ဖွဲ့များနှင့် ဟားခါးမြို့နယ် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က မော်တော်ဆိုင်ကယ် မောင်းနှင်သူများ သတ်မှတ်ထားသော ဆိုင်ကယ်ဦးထုပ်များ ဆောင်း၍ မောင်းနှင်ခြင်း ရှိမရှိ၊ ယာဉ်မောင်းလိုင်စင် စစ်ဆေးခြင်း၊ ယာဉ်လိုင်စင် စစ်ဆေးခြင်း၊ မော်တော်ယာဉ် နံပါတ်ပြားများ စစ်ဆေးခြင်း၊ မော်တော်ဆိုင်ကယ်၏ ရှေ့မီး ကောင်း၊ မကောင်း စစ်ဆေးခြင်းများ၊ နောက်ကြည့်မှန် တပ်ဆင်ထားမှု ရှိ၊ မရှိ၊ သတ်မှတ် အရေအတွက်ထက်ပို၍ စီးနင်းခြင်းများ စစ်ဆေး၍ အသစ်ထုတ်ပြန်ထားသည့် ဉပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း မရှိသူများအား ဉပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

           

 

အဆိုပါ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဉပဒေအသစ်များကို အများပြည်သူ သိရှိရန်အတွက် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း လုပ်ငန်းများကို သတ်မှတ်ပညာပေး ကာလအထိ ဆောင်ရွက်ပြီးဖြစ်၍ ယခုတွင် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဉပဒေများကို လိုက်နာမှုမရှိဘဲ မော်တော်ယာဉ် မောင်းနှင်သွားလာသူများကို ဉပဒေနှင့်အညီ ထိရောက်စွာ အရှိန်အဟုန်မြှင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း  အမှတ်(၁၆) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး(ဟားခါး)မှ သိရှိရသည်။

 

 

ခရိုင်(ပြန်/ဆက်)

mdn