ဆီဆိုင် ၁၁ ဇူလိုင်    


ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ မြကန်သာရပ်ကွက်ရှိ၊ အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ဇူလိုင် ၁၁ ရက် နံနက် ၉ နာရီက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မူးယစ်ဆေးဝါး၊ သက်ငယ်မုဒိမ်း၊ မူခင်းနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က အဖွင့်အမှာစကား ပြောကြားပြီး ဆီဆိုင်မြို့နယ်၊ မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဇော်မင်းလွင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လိုက်နာရမည့်အချက်များကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသီဟန်က မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ များကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးအောင်ကိုမျိုးက သက်ငယ်မုဒိမ်းမှုအကြောင်းကို လည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြင့်သီက လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာအကြောင်းကိုလည်းကောင်း အသီးသီးအသိညာပေးဟောပြောခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။ 


MDN