တာ့ရှ်ကင့် နိုဝင်ဘာ ၇
ဥဇဘက်ကစ္စတန်နိုင်ငံသည် ယခုနှစ် ပထမ ၁၀ လ အတွင်း လျှပ်စစ်ကား(အီးဗွီ) အစီးရေ ၂၂၄၉၀ တင်သွင်းခဲ့ကြောင်း အကောက်ခွန်ကော်မတီက နိုဝင်ဘာ ၇ ရက်တွင် ပြောသည်။ အဆိုပါ အီးဗွီကား တင်သွင်းမှုပမာဏသည် ပြီးခဲ့သည့်နှစ် အလားတူကာလက တင်သွင်းမှုထက် ခြောက်ဆပိုမိုများပြား ကြောင်း သိရသည်။
ကိန်းဂဏန်းအချက်အလက်များအရ ဥဇဘက် ကစ္စတန်နိုင်ငံ၌ ယခုနှစ် အီးဗွီကားတင်သွင်းမှု တန်ဖိုး သည် အမေရိကန်ဒေါ်လာ ၅၈၂ ဒသမ ၃ သန်းအထိ ရှိလာကြောင်း သိရသည်။ တရုတ်နိုင်ငံသည် အီးဗွီ ကား တင်သွင်းမှု အစီးရေ ၂၀၆၄၀ သို့မဟုတ် ၉၁ ဒသမ ၇ ရာခိုင်နှုန်း ရှိသည့်အတွက် တင်သွင်းမှု အများဆုံးနိုင်ငံဖြစ်သည်။
အခြားသော အီးဗွီကား တင်သွင်းသောနိုင်ငံများတွင် ယူအေအီး၊ တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျာမနီနိုင်ငံတို့ ပါဝင်ကြောင်း သိရသည်။
ဆင်ဟွာ