တာ့ရှ်ကင့်  နိုဝင်ဘာ   ၇

ဥဇဘက်ကစ္စတန်နိုင်ငံသည်  ယခုနှစ် ပထမ ၁၀ လ အတွင်း   လျှပ်စစ်ကား(အီးဗွီ)  အစီးရေ ၂၂၄၉၀ တင်သွင်းခဲ့ကြောင်း   အကောက်ခွန်ကော်မတီက နိုဝင်ဘာ ၇ ရက်တွင် ပြောသည်။ အဆိုပါ အီးဗွီကား တင်သွင်းမှုပမာဏသည်  ပြီးခဲ့သည့်နှစ်  အလားတူကာလက တင်သွင်းမှုထက် ခြောက်ဆပိုမိုများပြား ကြောင်း သိရသည်။

ကိန်းဂဏန်းအချက်အလက်များအရ ဥဇဘက် ကစ္စတန်နိုင်ငံ၌ ယခုနှစ် အီးဗွီကားတင်သွင်းမှု တန်ဖိုး သည် အမေရိကန်ဒေါ်လာ ၅၈၂ ဒသမ ၃ သန်းအထိ ရှိလာကြောင်း သိရသည်။ တရုတ်နိုင်ငံသည် အီးဗွီ ကား တင်သွင်းမှု အစီးရေ ၂၀၆၄၀ သို့မဟုတ် ၉၁ ဒသမ ၇ ရာခိုင်နှုန်း   ရှိသည့်အတွက်    တင်သွင်းမှု အများဆုံးနိုင်ငံဖြစ်သည်။

အခြားသော အီးဗွီကား တင်သွင်းသောနိုင်ငံများတွင် ယူအေအီး၊ တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျာမနီနိုင်ငံတို့ ပါဝင်ကြောင်း သိရသည်။   

ဆင်ဟွာ