မုံရွာ ၆ ဇူလိုင်
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မိုးရာသီပဲမျိုးစုံစိုက်ပျိုးချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၈)ခုနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်(၃)ခုနှင့် မြို့နယ်ခွဲ(၄)ခုတို့တွင် ပဲမျိုးစုံ(၁၂၂၃၃၆၆) ဧကကို စိုက်ပျိုးသွားရန်လျာထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး၏ ပြောကြားချက်အရ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးရေးအဖြစ် ပဲတီစိမ်း(၄၅၈၅၇၆)ဧက၊ ပဲစင်းငုံ (၆၀၄၂၆၆) ဧက၊ ပဲပုတ်(၂၀ဝ၄)ဧက၊ ပဲလွမ်း(၁၂၇၉၂)ဧက၊ မတ်ပဲ (၁၈၉၈၉)၊ စွန်တာပြာ(၈၅၀၇၃)ဧက၊ ထောပတ်ပဲ (၁၀၆၅၅)ဧက၊ ပဲယင်း(၈၂၀)ဧက၊ပဲကြီး(၉၀ဝ၂)ဧက၊အခြားပဲ(၂၁၁၈၉)ဧကကို စိုက်ပျိုးရန်သွားရန်လျာထားကြောင်း သိရသည်။
ပဲမျိုးစုံစိုက်ပျိုးရန်လျာထားမှုများအနေဖြင့် စစ်ကိုင်းခရိုင်အတွင်း (၁၇၄၇၇၉)ဧက၊ မုံရွာခရိုင်အတွင်း (၂၇၂၈၅၂)ဧက၊ ယင်းမာပင်ခရိုင်အတွင်း (၁၈၂၃၀၇)ဧက၊ ရွှေဘိုခရိုင်အတွင်း(၃၄၉၄၄၈)ဧက၊ ကန့်ဘလူ ခရိုင် အတွင်း (၂၂၄၀၃၉)ဧက၊ ကသာခရိုင်အတွင်း (၃၁၇၇)ဧက၊ ကလေးခရိုင်အတွင်း (၁၂၆၅၆)ဧက၊ ခနီ်္တး ခရိုင်အတွင်း (၄၃၁)ဧကနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း (၃၇၆၇)ဧက ပဲမျိုးစုံ စုစုပေါင်း (၁၂၂၃၃၆၆)ဧကကို ယခုနှစ်မိုးရာသီအတွင်းစိုက်ပျိုးသွားရန် လျာထားကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


