နောင်လုံ ၃၀ သြဂုတ်


သံလွင်တံတား - ကော့ကျိုက် - နောင်လုံ - အိန္ဒုလမ်းရှိ မြပြည်တံတားအား (ယာဉ်+ကုန် = ၃၆ တန်)အထိ ဖြတ်သန်းနိုင်ရန် ဆောင်ရွက်ထားပြီဖြစ်သဖြင့် ယနေ့ နံနက်မှစ၍ သတ်မှတ်တန်ချိန်ရှိ ယာဉ်များအသုံးပြုနိုင်ပြီ ဖြစ်ကြောင်း ကရင်ပြည်နယ် လမ်းဦးစီးဌာနမှ သိရသည်။


(ယာဉ်+ကုန် = ၃၆ တန်)အထက် ယာဉ်များအတွက် ကော့ကျိုက် - ဇာသပြင် (အဖြောင့်လမ်း) ရှိ နိမ့်ကျသွားသော အရှည်(၂၀)ပေတံတား နေရာတွင်အရှည် (၄၀)ပေ ဘေလီတံတားအား(၁-၉-၂၀၁၉)ရက် ညနေပိုင်းမှ စတင်၍အသုံးပြုနိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


MDN