ယင်းမာပင်    ၂၃    မေ       

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး၊ သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေပြီး သန့်ရှင်းသာယာလှပစေရေးတို့အတွက် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများမှ တစ်အိမ်လျှင် သစ်ပင် (၂)ပင်နှုန်းဖြင့်  မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်နှင့် အတူ နှစ်ရှည်အရိပ်ရလေကာပင်များနှင့် စားသုံးပင်ပေါင်း ၁၀ဝ၀ဝ၀ ကျော် စိုက်ပျိုးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းမာပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

" ဒီယင်းမာပင်ခရိုင်မှ မြို့နယ်နှင့် ကျေးရွာများမှ မြေများဟာသီးပင်စားပင်များနှင့် အရိပ်ရပင်များ စိုက်ပျိုးလို့ အဆင်ပြေတဲ့ မြေများဖြစ်သော်လည်း မိမိတို့နေအိမ်ခြံဝန်းများအတွင်း စိုက်ပျိုးထားမှု အားနည်းတာကို တွေ့ရ ပါတယ်။ ဒါကြောင့် ခရိုင်အတွင်းမှာရှိတဲ့ ရပ်ကွက်ပေါင်း (၁၂)ရပ်ကွက်နှင့် ကျေးရွာပေါင်း (၆၉၅)ရွာကို တစ်အိမ်ထောင်လျှင် သစ်ပင် (၂)ပင်နှုန်း စိုက်ပျိုးနိုင်ရေး နှစ်စဉ်စီမံချက်၍ အကောင်အထည်ဖော် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်"ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်မှ ပြောပြသည်။

 

"ခရိုင်အတွင်းမှာရှိတဲ့ ရပ်ကွက်ပေါင်း (၁၂)ရပ်ကွက်နှင့် ကျေးရွာပေါင်း (၆၉၅)ရွာတွင် အိမ်ခြေပေါင်း (၁၁၈၀၉၅)အိမ်ရှိတဲ့အတွက် တစ်အိမ်လျှင် ပျိုးပင်(၂)ပင်နှုန်းတွက်ပါက ပျိုးပင်ပေါင်း (၂၃၆၁၉၀) လိုအပ်မှာ ဖြစ်ပါတယ်။ (၂၅) ရာခိုင်နှုန်းက စိုက်ပျိုးနိုင်ရန်ခက်ခဲနိုင်သည့်အတွက် အဲ့ဒီနေရာများကို ချန်လှပ်မည်ဆိုပါက ခရိုင်အတွင်းမှာ ပျိုးပင်ပေါင်း (၁၇၇၀ဝ၀) လိုအပ်မည်ဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာမြို့နယ်များအလိုက် နီးစပ်ရာပျိုးဥယျာဉ်များတွင် ပျိုးထောင်ဖြန့်ဝေနိုင်ရေးအတွက် တိုင်းဒေသကြီး သစ်တောဦးစီးဌာနသို့လည်း ဆက်သွယ်ဆောင်ရွက်ထားပါတယ်" ဟု ၎င်းက ဆက်လက်ပြောပြသည်။

 

သန်းဌေးအောင်(ကနီ)

 

2.jp