ယင်းမာပင် ၂၀ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်အတွင်းရှိ ဂရန်အင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်နိုင်ရန်အတွက် ငါးမျိုးများလွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ယင်းမာပင် ငါးလုပ်ငန်းစခန်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဂရန်အင်းများအတွင်း ငါးမျိုးစိုက်ထည့်နိုင်ရေး ယင်းမာပင်ငါးလုပ်ငန်းစခန်းမှ ရရှိသော ငါးသားပေါက် များကို အင်းသားကြီးများထံသို့ပေးအပ်ရာ ယင်းမာပင်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်၊ ယင်းမာပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဒေါက်တာဥမ္မာသက်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများမှ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ယင်းနောက် ယင်းမာပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဒေါက်တာဥမ္မာသက်နှင့် ခရိုင်ရုံး ဝန်ထမ်းများ ယင်းမာပင် ငါးလုပ်ငန်းစခန်းမှ ဝန်ထမ်းများက အင်းများအတွင်း ငါးသားပေါက်များကို စိုက်ထည့်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ ငါးသားပေါက်များကို အင်းများအတွင်း စိုက်ထည့်ခြင်းများ ဆောင်ရွက်ရာ ကနီမြို့နယ်ရှိ အင်း(၉)အင်းတွင် ငါးသားပေါက် ကောင်ရေ(၂၃၅၄၀၀)ကောင်၊ ယင်းမာပင်မြို့နယ်ရှိ (၄)အင်းတွင် ငါးသားပေါက်ကောင်ရေ (၁၆၁၅၀) နှင့် ဆားလင်းကြီးမြို့နယ်ရှိ (၃)အင်း တွင် ငါးသားပေါက်ကောင်ရေ(၆၂၂၀) စုစုပေါင်း အင်း (၁၆)အင်းတွင် ငါးသားပေါက်ကောင်ရေ (၂၅၇၇၇၀) တို့ကို စိုက်ထည့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


