ယင်းမာပင် ၂၇ မေ      

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးကျင်းပသော ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ဆင်စွယ်ကျေးရွာအုပ်စု၊ ဆင်စွယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

 

44

 

ရှေးဦးစွာ အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီ၊ ယင်းမာပင်မြို့နယ် စီးမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးရဲလင်းအောင်တို့က အဖွင့်အမှာစကားပြောကြားကြသည်။ 

ယင်းနောက် ယင်းမာပင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မျိုးမျိုးသွယ်က ကျေးလက်ဒေသ ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ကျင်းပရခြင်းမှာ အစိုးရနှင့် ပြည်သူ အကြား ဆွေးနွေးတိုင်ပင်ရန်၊ ပြည်သူတို့၏ ဘဝဖြတ်သန်းမှု အကြောင်းကိစ္စများ ဆွေးနွေးပြောကြားနိုင်သော အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်၊ လူထု၏စဉ်းစားတွေးခေါ်မှု မြင့်မားလာစေရန်နှင့် အစုအဖွဲ့အတွင်း ပါဝင်ဆွေးနွေးတတ်သော အလေ့အထက်ကောင်းများ လေ့ကျင့်ပေးရန်တို့ကို ရည်ရွယ်၍ ယခုလို "ကျေးလက်ဒေသဖွံ့ဖြိုရေး" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသော ကျေးရွာပြည်သူများက ဆွေးနွေးလိုသည့်အကြောင်းအရာများ ဆွေးနွေးမေးမြန်းကြရာ စိုက်ပျိုးရေအတွက် မြောက်ယမားဆည် မြောင်းလက်တံများမှတိုးချဲ့ဆောင်ရွက်ပေးနိုင်ရေး၊ ကျေးရွာမီးလင်းရေး၊ ကျေးလက်ကျန်းမာရေး၊ ကျေးရွာစာကြည်တိုက်၊ စိုက်ပျိုးရေးအတွက် မျိုးစေ့ဝယ်ယူရရှိမှု၊ ပညာရေးကဏ္ဍများ၊ ကျေးလက်ဖွံ့ဖြိုးရေးများနှင့်ပတ်သက်သည့် မေးခွန်းများဆွေးနွေးမြေးမြန်းခဲ့မှုများအပေါ် သက်ဆိုင်ရာဌာနဆိုင်ရာများမှ ပြန်လှည်ဆွေးနွေးဖြေကြားကြပြီး  အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်မေရီက ထပ်မံဖြည့်စွက် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊  ဆင်စွယ်ကျေးရွာအုပ်စု အတွင်းမှ ကျေးရွာပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

သန်းဌေးအောင်(ကနီ)