၁၃ မေ

 

ယူဂန်ဒါနိုင်ငံတွင် နယ်စပ်ဖြတ်ကျော် ကုန်တင်ယာဉ်မောင်း လေးဦး ကိုဗစ်-၁၉ ကူးစက်ခံရကြောင်း ယမန်နေ့က စမ်းသပ်စစ်ဆေးခဲ့ပြီးနောက် နိုင်ငံတစ်ဝှမ်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၁၂၆  ဦး ရှိလာသည်ဟု ယူဂန်ဒါ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

စမ်းသပ်စစ်ဆေးခဲ့သည့် ကုန်တင်ယာဉ်မောင်း ၁၄၇၈ ဦး မှ ကိုဗစ်-၁၉ ကူးစက်ခံရသူ လေးဦး ရှိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၂၆ ဦးရှိသည့်အနက် ၅၅ ဦး မှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို